၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်၀င်တန်းစာမေးပွဲ ထူးချွန်ကျောင်းသား ဆုပေးပွဲ။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်၀င်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော  ဂုဏ်ထူးရှင်များ ၊ တိုင်းအဆင့်နှင့်အတန်းလိုက် ထူးချွန်ဆုရရှိကြသော ကျောင်းသား ၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ၂၁-၉-၂၀၁၉ ရက်နေ့တွင် Gandamar Wholesale Center ( Gandamar Ballroom ) ၌စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Success ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ  ဆရာဦးလှဘုန်းဦးမှ တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောဘာသာစုံ ဂုဏ်ထူးရှင် မောင်ဇံလင်းထက် ( Success တောင်ဥက္ကလာ )အားလည်းကောင်း ၊ ဆရာဦးတင်မောင်ဦးမှဆုရရှိသူ ကျောင်းသူတစ်‌ယောက်အားလည်းကောင်း ဆုချီးမြှင့်ပေးခဲ့ပါသည်။ Success ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာကြီးများ ၊ ကျောင်းအုပ်ဆရာမကြီးများ Read More …

၂၀၁၉-ခုနှစ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ

မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ၂၀၁၉-ခုနှစ် ဩဂုတ်လ ၁-ရက်နေ့က The Great Success ကိုယ်ပိုင်အထက်တန်းကျောင်း (မြောက်ဒဂုံ)မှာကျင်းပြုလုပ်ခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကို ငယ်စဉ်ကတည်းက ရှောင်ကြဉ် တက်စေရန် ဟောပြောပေးခဲ့ပါသည်။