၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်၀င်တန်းစာမေးပွဲ ထူးချွန်ကျောင်းသား ဆုပေးပွဲ။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်၀င်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော  ဂုဏ်ထူးရှင်များ ၊ တိုင်းအဆင့်နှင့်အတန်းလိုက် ထူးချွန်ဆုရရှိကြသော ကျောင်းသား ၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ၂၁-၉-၂၀၁၉ ရက်နေ့တွင် Gandamar Wholesale Center ( Gandamar Ballroom ) ၌စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Success ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ  ဆရာဦးလှဘုန်းဦးမှ တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောဘာသာစုံ ဂုဏ်ထူးရှင် မောင်ဇံလင်းထက် ( Success တောင်ဥက္ကလာ )အားလည်းကောင်း ၊ ဆရာဦးတင်မောင်ဦးမှဆုရရှိသူ ကျောင်းသူတစ်‌ယောက်အားလည်းကောင်း ဆုချီးမြှင့်ပေးခဲ့ပါသည်။ Success ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာကြီးများ ၊ ကျောင်းအုပ်ဆရာမကြီးများ Read More …

၂၀၁၉-ခုနှစ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ

မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ၂၀၁၉-ခုနှစ် ဩဂုတ်လ ၁-ရက်နေ့က The Great Success ကိုယ်ပိုင်အထက်တန်းကျောင်း (မြောက်ဒဂုံ)မှာကျင်းပြုလုပ်ခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကို ငယ်စဉ်ကတည်းက ရှောင်ကြဉ် တက်စေရန် ဟောပြောပေးခဲ့ပါသည်။

၂၀၁၉-ခုနှစ် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား

Success ကိုယ်ပိုင်အထက်တန်းကျောင်း၏ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ ၇ -ရက်နေ့က မြောက်ဒဂုံ The Great Success Private School မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ၊ ဆရာမများစုံညီစွာ တတ်ရောက်ကုသိုလ်ယူခဲ့ကြပါသည်။

Public Talk on “Youth and Danger of Narcotic Drug” (17th December, 2018)

ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Success ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ပြည်သူ့စကားဝိုင်းအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင် ကျင်းပါခဲ့ပါသည်။