၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်၀င်တန်းစာမေးပွဲ ထူးချွန်ကျောင်းသား ဆုပေးပွဲ။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်၀င်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော  ဂုဏ်ထူးရှင်များ ၊ တိုင်းအဆင့်နှင့်အတန်းလိုက် ထူးချွန်ဆုရရှိကြသော ကျောင်းသား ၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ၂၁-၉-၂၀၁၉ ရက်နေ့တွင် Gandamar Wholesale Center ( Gandamar Ballroom ) ၌စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် Success ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ  ဆရာဦးလှဘုန်းဦးမှ တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောဘာသာစုံ ဂုဏ်ထူးရှင် မောင်ဇံလင်းထက် ( Success တောင်ဥက္ကလာ )အားလည်းကောင်း ၊ ဆရာဦးတင်မောင်ဦးမှဆုရရှိသူ ကျောင်းသူတစ်‌ယောက်အားလည်းကောင်း ဆုချီးမြှင့်ပေးခဲ့ပါသည်။

Success ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာကြီးများ ၊ ကျောင်းအုပ်ဆရာမကြီးများ ၊ ဘာသာရပ်ဆိုင်ရာ သင်ကြားမူဆရာ ဆရာမများ ၊ ထူးချွန်ဆုရကျောင်းသားကျောင်းသူများ ၊ ကျောင်းသား မိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ စုံလင်စွာ တတ်ရောက်ခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *